အမေရိကန်အခြေစိုက်  မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ စပျစ်သီးဝယ်သူများအား ကျေးဇူးတင်ပါသည်။ စပျစ်တောင်သူကို ကူပြီးရောင်းပေးတာ သုံးပိသာဖိုးမှာ တစ်ထောင် အမြတ်ယူပါတယ်။ လူမှုရေးမှာ အသုံးပြုဖို့ပါ။ 

၁။ ပြည်ပမှ ဝယ်ပေးသူရဲ့ အော်ဒါကို ပြည်တွင်းမှ လက်ခံသူအချို့က စပျစ်သီးမယူပဲ မြန်မာငွေပြန်ပေးဖို့ တောင်းဆိုလျင် မြန်မာပြည်တွင် ငွေမပေးပါ။ ပြည်ပမှ ဝယ်ပေးသူကိုသာ ငွေပြန်အမ်းပါမည်။ ငွေလှဲနှုန်း ကြီးမြင့်တာကြောင့် စပျစ်သီးမစားပဲ ငွေလိုချင်တာကို နားလည်ပါသည်။ ကျွန်တော်တို့သည် ငွေလွှဲလုပ်တာ မဟုတ်။ စပျစ်သီးပဲ စားစေချင်ပါသည်။ ကျန်းမာရေးသည် လူ၏ တန်ဖိုး။
၂။ စပျစ်သီးပို့ပေးသည့် လူငယ်များသည် အလုပ်လိုချင်သည့်အတွက် သေနက်သံတွေကြားမှ ပို့ပေးသည်ဟု ကြားပါသည်။ သူတို့သည် ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး အလုပ်လုပ်နေသူများဖြစ်သည်။ သူ့တို့အပေါ် နိုင်ထက်စီးနင်း စျေးဆစ် ဆက်ဆံသည်များကို ကျွန်တော် လက်ခံလိမ့်မည် မဟုတ်။ သူတို့ လိုအပ်ချက်များ ရှိပါက ကျွန်တော်တို့ကို တိုက်ရိုက်ပြောပါ။ ပြုပြင်ပေးပါမည်။ စပျစ်သီး မကြိုက်လျင် အစားထိုးပေးပါမည်။ အလကားကျွေးပါမည်။ လိုအပ်ချက်များကို အီးမေးလ်၊ WhatsApp၊ ဖေ့ဘုတ် ကွန်မင့် များတွင် ပြောပါ။ အဆင်ပြေရပါစေမည်။
စကားမစပ် ။ စပျစ်သီးသည် အစေ့ပါသည်။

I'd like to thank everyone who are participating and helping Myanmar Grape project from Myanmar Development Foundation. We only make 1,000 Kyat profit for every single box of grape is sold. The profit we are making is to be used for humanitarian help in Myanmar. There are a few development came to my attention recently
1. Orders made from oversea and paid in US dollar, we will deliver grapes to the address in Myanmar.  If any reason receiver doesn't want grapes but rather ask for cash money in accordance with exchange rate, we will not give you cash. We will refund the money to the buyer from oversea if receiver doesn’t want grape.
2. Delivery boys and girls are working hard to get your foods right in front of your doors. I will not tolerate any kind of bullying to them. If their service is not up to your expectation, please let us know. We will fix it. If you don't like grape, we will give your replacement immediately or eat free. Just reach to me us email, WhatsApp, and Facebook comments. We will make it right.
by the way, grapes are NOT seedless.

--
စီးပွားရေးအရ လုပ်တာမဟုတ်ပဲ
၁။ မြန်မာပြည်ထွက်စပျစ်သီးများနှင့် အခက်အခဲတို့ရင်ဆိုင်နေရသော စပျစ်တောင်သူတို့အား ကူညီရန်
၂။ စပျစ်တောင်သူနှင့် ပြည်တွင်းအလုပ်သမားများအတွက် အလုပ်အခွင့်အလမ်းများကို ဖန်တီးဖေါ်ဆောင်ပေးရန်။
၃။ ရရှိသည့် အမြတ်အနည်းငယ်ကို အသုံးပြုပြီး အခြားသော လူမှုရေး၊ ကျန်းမာရေး ကိစ္စတို့တွင် အသုံးချရန်

မြန်မာပြည်ထွက်စပျစ်သီး ဒုတိယအကြိမ်အော်ဒါမှာလို့ရပါပြီ။ မေလ ၁၅-ရက် နောက်ဆုံးထားပြီး ဝယ်လို့ရပါတယ်။ မေလ ၁၅-ရက်နောက်ပိုင်း အရောင်းပိတ်ပါမယ်။

အနက်ရောင်ဘုရင်မလို့ ခေါ်တဲ့ Black Queen အမျိုးအစားတစ်မျိုးကိုပဲ ရောင်းပါမည်။အွန်လိုင်းအော်ဒါမှာပြီး ပို့ဆောင်မှု ၃-ရက်မှ ၅-ရက်ခန့် ကြာနိုင်ပါသည်။
ပြည်ပမှနေ၍ မြန်မာပြည်တွင်းရှိမိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ ချစ်ခင်သူများထံသို့ မြန်မာပြည်ထွက်စပျစ်သီးများအား ပြည်တွင်းအိမ်အရောက်ပို့ပေးလို့ရပါပြီ။
 
----------------------********အရောင်းပိတ်ပြီးပါက လိပ်စာများကို ဖျက်သိမ်းလိုက်ပါမည်။********----------------------
 
ပြည်ပမှ ဝယ်ပေးသူများ အတွက်
===================
မြန်မာပြည်ထွက်စပျစ်သီး သုံးပိဿာပုံး တစ်ပုံးအတွက် အမေရိကန် ဒေါ်လာ $10.99 ပါ။ ရန်ကုန်နှင့် မန္တလေးမြို့ ဆိုလျင် အိမ်အရောက်၊ အခြားမြို့များ ဆို နီးစပ်ရာ ကားဂိတ်သို့ပို့ပေးပါမည်။ ပို့ဆောင်ခ အပါအဝင် အားလုံး အပြီးအစီးပါ။
ပြည်တွင်းမှ ဝယ်ယူသူများ အတွက်
 

credit/debit ကဒ်မသုံးဘဲ Zelleနှင့် အော်ဒါမှာပါက donate@myanmardf.org ပို့ပေးလို့ ရပါသည်။ စပျစ်သီး ပို့ရမည့် လိပ်စာကို contact@myanmdardf.org အီးမေးလ် သို့မဟုတ် (646) 598-8328 မက်ဆေ့ချ် ပို့ပေးလို့ ရပါသည်။

မကေ Viber +1 757-291-8338 မှလဲ မက်ဆေ့ချ်ပို့  ဆက်သွယ်မေးမြန်း ဝယ်ယူနိုင်ပါသည်။ 

ပြည်တွင်းမှ ဝယ်ယူသူများ အတွက်

====================
မြန်မာပြည်ထွက်စပျစ်သီး သုံးပိဿာပုံးတစ်ပုံးအတွက် မြန်မာကျပ်ငွေ ၁၁,၀၀၀ကျပ်။ ရန်ကုန်နှင့် မန္တလေးမြို့ ဆိုလျင် အိမ်အရောက်၊ အခြားမြို့များ ဆို နီးစပ်ရာ ကားဂိတ်သို့ပို့ပေးပါမည်။ ကျသင့်သည့်ပို့ဆောင်ခအား ပြည်တွင်းမှ ဝယ်ယူသူမှ ပေးဆောင်ရပါမည်။
-----------------------------------------------------------------------
စပျစ်သီး စားခြင်းရဲ့ ကောင်းကျိုးများ
၁။ ကင်ဆာ
စပျစ်သီးတွင် အစွမ်းထက်မြက်သော ပေါ်လီဖီးနောလ်စ်(polyphenols) လို့ခေါ်တဲ့ အန်တိုင်အောက်ဆီ့ဒန်(antioxidants) ဓါတ်တွေ ပါဝင်ပါတယ်။ ပေါ်လီဖီးနောလ်စ်ဆိုတာ သဘာထွက်အစားအစာတွေမှာ တွေ့ရတတ်တဲ့ ဓါတ်သဘာဝမျိုးပါ။ စပျစ်သီးအခွံမှာ တွေ့ရတဲ့ ရက်စ်ဗယ်ရယ်ထရို (resveratrol) ဟာ ခန္တာကိုယ် ကြံ့ခံမှုနဲ့ ရောဂါတိုက်ဖျက်ရေးတွေအတွက် များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ရက်စ်ဗယ်ရယ်ထရို (resveratrol) ကို ဗီတာမင်အားဆေးလိုမျိုး ဝယ်စားလို့လဲ ရပါတယ်။ စပျစ်သီးအခွံမှာပါဝင်တာကတော့ တကယ့်သဘာဝကပေးတဲ့ ဓါတ်စာပါ။
သိပ္ပံဓါတ်ခွဲခန်းတွေရဲ့ လေ့လာစမ်းသပ်ချက်အရ ရက်စ်ဗယ်ရယ်ထရို(resveratrol) ဟာ ခန္တာကိုယ်ကအရည်ကြည်တွေ၊ အသည်း၊ အစာအိမ်၊ ရင်သား၊ အူမကြီး အစရှိတဲ့ကိုယ်တွင်း ကလီစာတွေ၊ အရေပြား နှင့် သွေးကင်ဆာတွေမှာ ဖြစ်လေ့ရှိတဲ့ အကျိတ်တွေကို ကာကွယ်တားဆီးပေးတယ်လို့ ဆိုပါတယ်။
ရက်စ်ဗယ်ရယ်ထရို(resveratrol) ကို အနီရောင် စပျစ်ဝိုင်တွေမှာလဲ တွေ့ရပါတယ်။ စပျစ်ဝိုင်ကို အလွန်အကျွံ မှီဝဲရင် ကင်ဆာဖြစ်ဖို့ ပိုများတဲ့ အတွက် သင့်တင့်မျှတာစွာ မှီဝဲဖို့ ပြောပါတယ်။
စပျစ်သီးမှာ တွေ့ရတဲ့ အခြားသော သဘာဝထွက် ရောဂါတိုက်ဖျက်တဲ့ ဓါတ်တွေကတော့ flavonoid quercetin ဓါတ်ပါ။ အဲဒီဓါတ်ကလဲ ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။
၂။ နှလုံး ကျန်းမာရေး
တိရိစ္ဆာန်များကို စမ်းသပ်လေ့လာချက်များအရ ကွင်စန်း(တ်) (quercetin) and ရက်စ်ဗယ်ရယ်ထရို (resveratrol) ဆိုတဲ့ ဓါတ်တွေဟာ အသက်အော့်စကို-အော့စကစ် (atherosclerosis ) လို့ ခေါ်တဲ့ နှလုံးသွေးကြောကျဥ်းဖြစ်နိုင်တဲ့ အခြေအနေကနေ ကာကွယ်ပေးပါတယ်။ ပြီးတော့ low-density lipoprotein (LDL) လို့ခေါ်တဲ့ မကောင်းတဲ့ သွေးတွင်းအဆီကြောင့် ဖြစ်မဲ့ရောဂါဒဏ်ကလဲ ကာကွယ်ပေးပါတယ်။
စပျစ်သီးမှာတွေ့ရတဲ့ ရက်စ်ဗယ်ရယ်ထရို (resveratrol) လို့ခေါ်တဲ့ ပေါ်လီဖီးနောလ်စ်(polyphenols) ဓါတ်တွေဟာ အန်တိုင်အောက်ဆီ့ဒန် (antioxidants) ဓါတ်တွေ ပါဝင်ပါတယ်။ နှလုံးသွေးကြောကျဥ်းရောဂါ (cardiovascular disease) (CVD) ဖြစ်ဖို့ကလဲ ကာကွယ်ပေးပါတယ်။ စပျစ်သီးဟာ သွေးခဲတွေ ပိတ်ဆို့မှုမှ ကာကွယ်ပေးသလို၊ သွေးပေါင်ချိန်ကို ကျဆင်းစေတယ်။ နှလုံးခုန် မမှန်တာကလဲ ကာကွယ်ပေးပါတယ်။
စပျစ်သီးမှာ အမျှင်ဓါတ်နှင့် ပိုတက်ဆီယမ် ဓါတ်လည်း ပါဝင်ပြီး နှလုံး ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။ အမေရိကန် နှလုံး အဖွဲ့အစည်း (American Heart Association (AHA) ) ရဲ့ အဆိုအရ ပိုတက်ဆီယမ် ဓါတ်ကို ပိုမိုစားသုံးပြီး ဆိုဒီယမ်ဆားဓါတ်ကို လျော့စားဖို့ အကြံပေးပါတယ်။ သွေးပေါင်ချိန်ပုံမှန် လည်ပတ်စေပြီး နှလုံးသွေးကြောကျဥ်းရောဂါ (cardiovascular disease) (CVD)ကို ကာကွယ်ပါတယ်။
ပိုတက်ဆီယမ် စားသုံးခြင်းကြောင်း လေဖြတ်(stroke) နိုင်တဲ့ အခြေအနေမှလဲ ကာကွယ်ပါတယ်။ ခန္တာကိုယ်ကြွက်သားတွေ လျော့နည်းခြင်းမှ ကာကွယ်ပေးသလို၊ အရိုးတွေသန်မာဖို့လဲ အထောက်အကူဖြစ်ပါတယ်။
၃။ သွေးပေါင်ချိန်
စပျစ်သီးတွင် ပိုတက်ဆီယမ်ဓါတ် အများအပြားပါဝင်တဲ့ အတွက် ဆိုဒီယမ်ဆားဓါတ်ကို ကြောင့် သွေးပေါင်ချိန်တက်နေတဲ့လူတွေအတွက် စပျစ်သီးကို စားသုံးသင့်ပါတယ်။
အမျှင်ဓါတ်ဟာလဲ နှလုံးသွေးကြောရောဂါအတွက် များစွား အထောက်အကူပြုပါတယ်။
၄။ ဝမ်းချုပ်ခြင်း
စပျစ်သီးမှာပါဝင်တဲ့ အရည်ဓါတ်နဲ့ အမျှင်ဓါတ်တွေဟာ လူ့ခန္တာကိုယ်မှာ ‌ဆုံးရှုံးသွားတဲ့ရေဓါတ်တာတွေကို ပြန်လည်ဖြည့်စွတ်ပေးပါတယ်။ ဝမ်းကို မှန်စေတဲ့အပြင်၊ ဝမ်းချုပ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြားဆိုးကျိုးတွေကို ကာကွယ်ပေးပါတယ်။
၅။ ဆီချို
စမ်းသပ်လေ့လာချက်များအရ အချို့‌သောအသီးများသည့် လူကြီးတွေမှာ ဖြစ်လေ့ရှိသည့် အမှတ်နှစ်အဆင့်ရှိ ဆီးချိုရောဂါဖြစ်ဖို့ ကာကွယ်နိုင်သည်ဟု ဆိုပါတယ်။ လတ်ဆက်သော အသီးကို ဆိုလိုပါသည်။ အဆင်သင့်သုံး အသီးဖျော်ရည်များ မဟုတ်ချေ။
အပြာရောင်ဘယ်ရီသီး၊ စပျစ်သီး၊ စပျစ်သီးခြောက်၊ ပန်းသီး၊ သစ်တော်သီး တို့ကို တစ်ပါတ် သုံးကြိမ် စားသုံးသူတို့သည် အမှတ်နှစ်အဆင့်ရှိ ဆီးချိုရောဂါ ကို ပိုမိုပြီးကာကွယ်ပေးသည်။
အမေရိကန် ဆီချိုရောဂါ အဖွဲ့အစည်းက စပျစ်သီးနှင့် အခြားသော အသီးများကို ထမင်း၊ဂျုံ၊ ခေါက်ဆွဲတို့နှင့် မျှတစွာ တွဲဖက် စားသုံးဖို့ တိုက်တွန်း အကြံပြုထားပါတယ်။
၆။ မျက်စိအမြင် အားကောင်းစေခြင်း
စပျစ်သီးတွင် ပါဝင်တဲ့ antioxidants lutein နဲ့ ဇီရာဇန်းသင်(zeaxanthin) ဓါတ်ဟာ မျက်စိအမြင်ကို ပိုမိုအားကောင်းစေပါတယ်။ အဲဒီဓါတ်တွေဟာ တည်ငြိမ်မှုမရှိတဲ့ မော်လီကျူ့ အမှုန်အမွားတွေကို ချေဖျက် နိုင်စွမ်းရှိပါတယ်။ မျက်အိမ်အလွှာ ပျက်ဆီးမှုကို လျော့နည်းစေသည့်အပြင် မျက်လုံးအိမ် တိမ်စွဲခြင်းနှင့် အခြားသော မျက်လုံးရောဂါများမှ ကာကွယ်ပေးပါတယ်။
ဓါတ်ခွဲ စမ်းသပ်မှုတွေ အရ ရက်စ်ဗယ်ရယ်ထရို (resveratrol) ဓါတ်ဟာ အမျိုးမျိုးသော မျက်လုံးအိမ်ရောဂါများ၊ အသက်အရွယ်အလိုက် ဖြစ်လေ့ရှိသည့် အမြင်အာရုံဝေဝါးခြင်း (macular degeneration), ဂလက်ကိုးမား (glaucoma) လို့ခေါ်တဲ့ အတွင်းတိမ်၊ ကတရတ် (cataract) လို့ခေါ်တဲ့ ရိုးရိုးတိမ် အစရှိတဲ့ ရောဂါများကို ကာကွယ်ပါတယ်။
၇။ ဝက်ခြံ
ရက်စ်ဗဲရယ်ထရို (resveratrol) ဓါတ်ဟာလဲ အက်ကမီ (Acne) လို့ ခေါ်တဲ့ ဝက်ခြံအဖုများကို ကုသတဲ့နေရာမှာ အသုံးပြုတယ်လို့ ဆိုပါတယ်။ benzoyl peroxide နဲ့ သုံးပြီး ကုသမှုမှာ သုံးကြပါတယ်။

 

အနက်ရောင်ဘုရင်မ(Black Queen) လို့ခေါ်တဲ့ အနက်ရောင်စပျစ်သီးမျိုးကို စတင်ပြီး ရောင်းချပို့ပေးသွားပါမည်။ အနက်ရောင်မျိုးက ပိုပြီးတော့ ချိုပါသည်။ စျေးနှုန်းကတော့ မပြောင်းပါဘူး။